အခြား Ceno သုံးစွဲသူများအား ဝဘ်ရှာဖွေရာတွင် ကူညီခြင်း

အချင်းချင်း ချိတ်ဆက်သည့် ကွန်ရက်ကို ၎င်းနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေးပွိုင့် တစ်ခုစီဖြင့် တည်ဆောက်ထားသည် (ဟုတ်ပါသည်၊ သင်လည်း ပါဝင်သည်ဟု ဆိုလိုပါသည်)။ ဆက်သွယ်ရေးပွိုင့် များလေလေ ကွန်ရက် ပိုမိုအားကောင်းပြီး ပိုမိုဘက်စုံ အသုံးပြုနိုင်လေလေ ဖြစ်သည်။ သင်သည် အင်တာနက်ကို ဆင်ဆာမလုပ်သော (သို့မဟုတ် အချို့ကဲ့သို့ အလွန်အကျွံ ဆင်ဆာမလုပ်သော) နိုင်ငံတစ်ခုမှနေ၍ Ceno ဘရောက်ဇာကို လုပ်ဆောင်နေလျှင် ပေါင်းကူး ဆက်သွယ်ရေးပွိုင့် ဖြစ်လာခြင်းဖြင့် အခြား Ceno သုံးစွဲသူများကို ကူညီနေသည်ဟု စဥ်းစားကြည့်ပါ။ ထို့နောက် သင်သည် အလွန်အကျွံ ဆင်ဆာလုပ်ထားသော နိုင်ငံများရှိ လက်ခံစက်များနှင့် Ceno ထိုးသွင်းဖိုင်များအကြား အသွားအလာကို လမ်းကြောင်းအတိုင်း စတင်ပို့ပေးပါမည်။ သင်သည် ၎င်းတို့၏ အသွားအလာကို မြင်နိုင်မည် မဟုတ်သကဲ့သို့ (၎င်းကို ကုဒ်ဖြင့် ပြောင်းလဲထားသော လိုင်းကို ဖြတ်၍ ပေးပို့ပါမည်) ဤအသွားအလာသည် သင့်စက်တွင် လုံးဝ ကျန်ခဲ့မည် မဟုတ်ပါ။

Note: The configuration described in this section may also help your device to effectively seed content to others on the distributed cache, so please consider applying it as well when using Ceno in a censoring country (but keep in mind the risks of serving such content to others).

Ceno ပေါင်းကူး ဖြစ်လာနည်း

ဤအသုံးချမှုကို Ceno ဘရောက်ဇာထံသို့ ထည့်သွင်းတည်ဆောက်ပြီးသား ဖြစ်သည်။ သင့်စက်ကို UPnP ဖွင့်ထားသော သို့မဟုတ် Ceno အတွက် သိသာသည့် ပေါ့တ် တစ်ဆင့်ပို့ခြင်းကို စီစဉ်သတ်မှတ်ထားသော Wi-Fi ကွန်ရက်သို့ ချိတ်ဆက်ထားရန် လိုအပ်ပါမည်။ နောက်ထပ် အသေးစိတ် အချက်အလက်များအတွက် လာမည့် အပိုင်းများကို ကြည့်ပါ။

သို့သော် Android သည် ၎င်းကို တက်ကြွစွာ အသုံးပြုနေချိန်တွင်သာ သင့်လျော်သော ပေါင်းကူးအဖြစ် လုပ်ဆောင်ရန် မိုဘိုင်းစက်ကို ခွင့်ပြုမည်ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ထိုသို့မဟုတ်ပါက ပါ‌ဝါချွေတာရေး လုပ်ဆောင်ချက်များသည် Ceno ၏ လည်ပတ်မှုကို ထိခိုက်စေမည် ဖြစ်သည်။

Technical note: This is mainly due to Android's Doze mode slowing down the operation of the native Ouinet library. Unfortunately, disabling battery optimization for Ceno does not seem to exclude Ouinet from it. Your particular device may also include its own power-saving features which may interfere with Ceno; please check Don't kill my app! for your device's brand.

ထို့ကြောင့် သင်သည် Ceno ကို အဆုံးတိုင် အမြဲရောက်ရှိနိုင်သော ပေါင်းကူးအဖြစ် လုပ်ဆောင်ရန် ရည်ရွယ်ပါက မှန်ကန်စွာ စီစဉ်သတ်မှတ်ထားသော Wi-Fi ကွန်ရက်အပြင် သင်သည် အောက်ပါတို့ကို လိုအပ်ပါမည် -

  1. သင့်စက်ကို အချိန်ပြည့် အားသွင်းထားရန်။

  2. စက်၏ မျက်နှာပြင်ကို အချိန်ပြည့် ဖွင့်ထားရန်။

    ဤသို့ပြုလုပ်ရာတွင် ပါဝါသုံးစွဲမှုများခြင်းနှင့် မလိုလားအပ်သော အမြဲတမ်း မီးလင်းနေခြင်း မရှိမည့် အဆင်ပြေသည့် နည်းလမ်းတစ်ခုမှာ Android ၏ မျက်နှာပြင် ရုပ်ပုံပြောင်းလဲပြသမှုကို အသုံးပြုခြင်း ဖြစ်သည် - ၎င်းကို ဆက်တင်များ / ပြသမှု / မျက်နှာပြင် ရုပ်ပုံပြောင်းလဲပြသမှု (သို့မဟုတ် အချို့ဗားရှင်းများတွင် စိတ်ကူးယဉ်မှု) အောက်တွင် ဖွင့်ပါ၊ နာရီ ဝစ်ဂျက်ကို ရွေးချယ်ပါ၊ မီနူးရှိ မျက်နှာပြင် ရုပ်ပုံပြောင်းလဲပြသမှု စတင်ချိန် ကို ရွေးချယ်ပြီး အားသွင်းစဉ် သို့မဟုတ် နှစ်ခုမှတစ်ခု ကို ရွေးချယ်ပါ။ စက်ကို အသုံးပြုမနေသည့်အချိန်တွင် အနက်ရောင် နောက်ခံ၌ အလွန်အရောင်မှိန်သော နာရီ ပေါ်လာပါမည်။

    စက်ကို လော့ခ်ချရန် ပါဝါခလုတ်ကို အသုံးပြုခြင်းသည် မျက်နှာပြင်ကို ပိတ်စေမည်ဖြစ်သောကြောင့် ယင်းသို့ မပြုလုပ်သင့်ကြောင်း သတိပြုပါ။ ထိုအစား မျက်နှာပြင် ဖွင့်ထားလျက်နှင့် စက်ကို ၎င်းကိုယ်တိုင် လော့ခ်ချရန်သာ စောင့်ဆိုင်းပါ။

ထိုပြင်ဆင်မှုသည် သင့်အတွက် ရွေးချယ်စရာတစ်ခုမဟုတ်ပါက လက်မလျှော့ပါနဲ့ဦး။ အကယ်၍ သင့်မှာ ကွန်ပျူတာနှင့် အင်တာနက်ချိတ်ဆက်မှု ကောင်းမွန်စွာလည်းရှိနေပါက ကျေးဇူးပြုပြီး ဆက်လက်ဖတ်ရှုပေးပါ။

ကွန်ပျူတာပေါ်တွင် ပေါင်းကူးကို လုပ်ဆောင်ခြင်း

If your computer supports Docker containers, you can run a pre-configured Ceno client on it to act as a bridge. If Docker is not yet installed, please follow the instructions to install the Docker Engine in your platform. For Debian derivatives like Ubuntu or Linux Mint, you can just run: sudo apt install docker.io

Ceno client ကွန်တိန်နာကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့အတွက် သင့်အနေဖြင့် terminal တွင် ညွှန်ကြားချက်တစ်ခုကို ရိုက်ထည့်လိုက်ဖို့ပဲ လိုအပ်ပါတယ်။ (ထိုအရာက အနည်းငယ် ထိတ်လန့်စရာကောင်းတယ်လို့ ထင်ရသော်လည်း ညွှန်ကြားချက်စာကို ကူးယူပြီး command line တွင် ရိုက်ထည့်ဖို့ပဲလိုအပ်ပါတယ်။) -

sudo docker run --name ceno-client \
  -dv Ceno:/var/opt/ouinet --network host \
  --restart unless-stopped equalitie/Ceno-client

အကယ်၍ သင့်ကွန်ပျူတာသည် GNU/Linux တွင် အခြေခံထားခြင်းမဟုတ်ပါက ညွှန်ကြားချက်သည် အနည်းငယ်ပြောင်းလဲရန် လိုအပ်ပါသည်။

sudo docker run --name ceno-client \
  -dv ceno:/var/opt/ouinet \
  -p 127.0.0.1:8077-8078:8077-8078 -p 28729:28729/udp \
  --restart unless-stopped equalitie/ceno-client

The command will start a container named ceno-client that will run on every boot unless you explicitly tell it to stop. Please check the Ceno Docker client documentation for more information on how to manipulate the container.

Note: This client has no Ceno Settings: when instructed below to access that page, open instead the client front-end, which contains mostly equivalent information.

သင့် Wi-Fi ‌ရောက်တာတွင် UPnP ကို ဖွင့်ခြင်း

UPnP is the easiest way of making your Ceno Browser (or computer client) reachable to the Ceno network. The Ceno Settings page will indicate the UPnP status on your local network.

Note: Enabling UPnP on the Wi-Fi router may expose devices on your network to external interference. Please make yourself aware of the risks and also consider using alternative methods as explained below.

အောက်တွင် ပြထားသည့် အခြေအနေသည် သင့် WiFi ရောက်တာတွင် UPnP သည် အလုပ်မလုပ်ကြောင်း သို့မဟုတ် မရရှိနိုင်ကြောင်း ညွှန်ပြနေသည်။

ရောက်ရှိနိုင်မှု အခြေအနေ

undecided

UPnP အခြေအနေ

disabled / inactive

အထက်ပါ အခြေအနေသည် UPnP အလုပ်လုပ်နိုင်ခြေရှိပြီး Ceno က လက်ရှိတွင် ချိတ်ဆက်နိုင်မှုကို မှန်ကန်ကြောင်း စစ်ဆေးနေသည်ဟု ညွှန်ပြသည် -

ရောက်ရှိနိုင်မှု အခြေအနေ

undecided

UPnP အခြေအနေ

enabled

အထက်ပါ အခြေအနေသည် UPnP အလုပ်လုပ်နေပြီး သင်သည် အခြား Ceno သုံးစွဲသူများအတွက် ချိတ်ဆက်မှုများကို ပေါင်းကူးနိုင်ကြောင်း ညွှန်ပြသည် -

ရောက်ရှိနိုင်မှု အခြေအနေ

likely reachable / reachable

UPnP အခြေအနေ

enabled

Note: Even if UPnP is working, your router may still not be reachable from the outside. This can be the case when Ceno Settings reports External UDP endpoints which look like CGNAT addresses 100.X.Y.Z:N with X between 64 and 127 (increasingly common among home ISPs), or like private addresses 10.X.Y.Z:N, 172.X.Y.Z:N with X between 16 and 31, and 192.168.X.Y:N. If so, please contact your ISP or network administrator to get a public address on your router or to establish port forwardings to the external endpoint.

ဈေးကွက်တွင် Wi-Fi ရောက်တာများစွာ ရှိပြီး တစ်ခုစီတွင် ၎င်းတို့၏ တိကျသော ကိုယ်ပိုင် လုပ်ဆောင်ချက်များ ရှိသည်။ ဤသည်တို့မှာ UPnP ဖွင့်ရန်အတွက် ထုတ်လုပ်သူအချို့၏ လမ်းညွှန်ချက် စာရင်း ဖြစ်သည်-

UPnP အစား ပေါ့တ် တစ်ဆင့်ပို့ခြင်းကို အသုံးပြုခြင်း

သင့်ရောက်တာတွင် UPnP ကို ဖွင့်မည့်အစား သင်သည် Ceno ကွန်ရက်မှ ချိတ်ဆက်မှုများကို သင့်စက်သို့ တစ်ဆင့်ပို့ကြောင်း သေချာစေရန် ပေါ့တ်တစ်ဆင့်ပို့ခြင်း စည်းကမ်းတစ်ခုကို သတ်မှတ်နိုင်သည်။ သင်သည် ရောက်တာ၏ စီမံခန့်ခွဲမှု ကြားခံစနစ်သို့ ဝင်ရောက်ပြီး ပေါ့တ်တစ်ဆင့်ပို့ခြင်း ရွေးချယ်စရာကို ရှာဖွေရန် လိုအပ်ပါမည်။ သင် ချိတ်ဆက်မှုများ တစ်ဆင့်ပို့ရန် လိုအပ်သည့် IP လိပ်စာကို ကြည့်ရန် Ceno ဆက်တင်များ စာမျက်နှာကို ဖွင့်ပြီး ဒေသတွင်း UDP အဆုံးမှတ်(များ) အောက်တွင် ကြည့်ပါ။

စက်တွင်း UDP အဆုံးမှတ်များ

192.168.1.132:28729

ပေါ့တ်တစ်ဆင့်ပို့ခြင်းသည် UDP ပရိုတိုကောအတွက် ဖြစ်ရမည် (TCP မဖြစ်ရပါ)။ Ceno သည် ပထမအကြိမ် လုပ်ဆောင်ချိန်တွင် အလျဉ်းသင့်သော ပေါ့တ်တစ်ခုကို ရွေးချယ်ပြီး နောင်လာမည့် လုပ်ဆောင်ချက်များအတွက် ၎င်းကို သိမ်းထားသော်လည်း သင့်စက်၏ ဒေသတွင်း ကွန်ရက် IP လိပ်စာသည် မကြာခဏ ပြောင်းလဲနိုင်သည်။ ထို့ကြောင့် သင်သည် Ceno ကွန်ရက်က သင့်စက်ထံ ရောက်ရှိနိုင်ကြောင်း ကြည့်ရန် Ceno ဆက်တင်များ စာမျက်နှာကို ပုံမှန် စစ်ဆေးသင့်သည်။

နည်းပညာဆိုင်ရာ မှတ်ချက်- တစ်နည်းအားဖြင့် သင်သည် ရောက်တာက သင့်စက်ကို တူညီသော IP လိပ်စာ အမြဲသတ်မှတ်ပေးရန် (ဥပမာ- စက်၏ MAC လိပ်စာအတွက် တည်တံ့သော DHCP အငှားမှတစ်ဆင့်) သေချာအောင်ပြုလုပ်နိုင်သည်။